Monthly Archives: July 2010

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၃၇)

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၃၇) အပွင့်ဓာတ်တစ်ခုဖွင့်ခြင်း အဆက် ကမ္ဘာအရပ်ရပ်ကနေ ကမ္ဘာအရပ်အရပ်ဆီသို့ ကမ္ဘာရွာဆိုသလို အင်တာနက်ကနေ လွှင့်တာဟာ စကြ၀ဠာကြီး တစ်ခုလုံးက တစ်ခုနဲ့ တစ်ခု ဆက်စပ်လို့ရတယ် ဆိုတဲ့သဘောကို သက်သေခံခဲ့တာပါ။ ဒီအကြောင်းကို ဗုဒ္ဓဘာသာမှာ ကြိုတင်ပြီးတော့ သိပြီးသား၊ နားလည်ပြီးသား … သို့သော် ဗုဒ္ဓဘာသာကတော့ သီလ၊ သမာဓိ၊ ပညာနဲ့ ဖမ်းတာကိုး၊ ဒီအခါကျတော့ သီလ၊ သမာဓိ၊ ပညာ လက်နက်က လူတိုင်းမှာမရှိဘူး၊ အိမ်တိုင်းမှာ မရှိတော့ လူတိုင်း မဖမ်းနိုင်ဘူး၊ အိမ်တိုင်းမှာ … Continue reading

Posted in Buddhism, Frontpage | Tagged , , , , | Leave a comment

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၃၆)

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ  – Update အပိုင်း(၃၆) အပွင့်ဓာတ်တစ်ခုဖွင့်ခြင်း ယောဂီများ တရာားကျင့်နေပြီ — ဒီတော့ အပွင့်ဓာတ်တစ်ခုကို ပြောလိုတယ်။ အဲဒီ အပွင့်ဓာတ်က ဘာလည်းဆိုတော့ ယောဂီများ အိမ်မက်ကို ဂရုစိုက်ပါ။ ယောဂီများ တရားရှုတယ်ဆိုတာ လောဘ ဒေါသ မောဟ ပါးသွားအောင် ရှုတဲ့သဘောပါပဲ။ တိုက်ဆိုက်လို့ ပါးသွားပြီး အိမ်မက်မက်တဲ့အခါမှာ – အိမ်မက်ဟာ ကိုယ့်အတွက် အဓိပ္ပာယ်ရှိတာတွေ ဖြစ်တတ်တယ်။ ဒါကြောင့် ယောဂီများ အိမ်မက်ကို ဂရုစိုက်ပါတော့ . . . … Continue reading

Posted in Buddhism, Frontpage | Tagged , , | Leave a comment

ယောဂီများတရားရဖို့လိုအပ်ချက်များ(၈)

ယောဂီများတရားရဖို့လိုအပ်ချက်များ(၈) – Update ဘ၀၏အောင်မြင်ခြင်းများ ယောဂီများ ဒီဘ၀မှာ တရားရရင် အောင်မြင်တာပါပဲ – မိမိကိုယ်တိုင်ကတော့ တရားရအောင် လုပ်လိုက်မိသွားတဲ့ သဘောပေါ့နော်၊ ဒီတော့ ယောဂီများလည်း မျှဝေခံစားရမှာပါ။ မြတ်စွာဘုရားရဲ့ သာသနာကတော့ အကြောင်းအကျိုး ၀ါဒပါပဲ – မိမိလည်း တရားရအောင် အကြောင်းတွေခံခဲ့တယ်၊ မိမိကိုယ်တိုင် ဆရာကောင်း သမားကောင်းနဲ့ တွေ့တယ် နာခံတယ်၊ ကျင့်ကြံတယ်၊ နောက်တော့ ပေါက်မြောက် အောင်မြင်တယ်။ နောက်ပြီး ဆရာက မိန့်တယ် “ဂဃနဏ ပြောနိုင်အောင်လုပ်ကွာ – ဒါမှ … Continue reading

Posted in Buddhism, Frontpage | Tagged , , , , , , | Leave a comment

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၃၅)

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၃၅) ယောဂီများက တရားလိုက်တော့ သာသနာအကြောင်း နည်းနည်းလေး ပြောပြမယ် . . . မိမိသိသလောက်ပေါ့ – သာသနာက မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်တုန်းကတော့ သျှမ်းသျှမ်းတောက်ပေါ့ … ယောဂီများရယ် သာသနာတော်က သျှမ်းသျှမ်းတောက်ပေါ့၊ ဒိတ်ဒိတ်ကြဲပေါ့။ သာသနာ့ အကျိုးပြုတဲ့ ပုဂ္ဂိုလ်တွေကလည်း ဒိတ်ဒိတ်ကြဲပေါ့ – ရှင်သာရိပုတ္တရာတို့၊ ရှင်မဟာမောဂ္ဂလန်တို့၊ ညီတော် အာနန္ဒာတို့၊ ရှင်မဟာ ကဿပတို့၊ ရှင်အနုရုဒ္ဓါတို့ . . . အကုန် ဒိတ်ဒိတ်ကြဲတွေပဲ။ … Continue reading

Posted in Buddhism, Frontpage | Tagged , , , , , , | Leave a comment

Science Philosophy

တူမယောင်နှင့်ကွဲပြားသည့် သိပ္ပံဒဿနများ အချို့စိတ်ဝင်စားနိုင်သော တူမယောင်နှင့်ကွဲပြားသည့် သိပ္ပံဒဿနများကို ဖော်ပြပေးပါမယ် . . . (၁) တစ်စုံတစ်ယောက်သည် ဘလက်ဟိုးလ်ထဲသို့ ကျရောက်သောအခါ သူသည် အချိန်မှ လွတ်မြောက်သွားသည်။ အရိယာ တစ်ပါးသည် နိဗ္ဗာန်သို့ ၀င်စားသောအခါ အချိန်မှ လွတ်မြောက်သွားသည်။ သို့သော် ဘလက်ဟိုးလ်ထဲမှ ပုဂ္ဂိုလ်သည် သူ့ကိုယ်သူ လွတ်မြောက်ကြောင်း မသိပါ။ နိဗ္ဗာန်ဝင်စားသူသည် သူကိုယ်သူ လွတ်မြောက်ကြောင်း သိသည်။ ယင်းကား ခြားနားသည်။ ဘလက်ဟိုးလ်ထဲ ကျရောက်သူသည် “The end of Time” … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၃၄)

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၃၄) ယောဂီတွေကို စိတ်ဝင်စားဖွယ်ရာ အထူးအဆန်း အမှန်အကန်တစ်ခု ပြောရဦးမယ် .. .. တရားအားထုတ်ပြီးလို့ အဆင့်တော်တော်မြင့်ရင်၊ ကြောင်းအကျိုး တိုက်ဆိုင်ညီညွှတ်ရင် ရောင်ခြည်တော်တွေကို ဖူးရတယ်။ (အံသြစရာ ကောင်းတယ်နော်-) ကျင့်တဲ့ ပုဂ္ဂိုလ်တွေက သိပ်နည်းလာတဲ့အခါ- ဒီစကားက သိပ်ကျယ်ကျယ်လောင်လောင် မပြောကြလို့ မပြောဖြစ်တာ ပါ။ တကယ်တော့ ရောင်ခြည်တော်တွေ ဖူးရတယ် – မြတ်စွာဘုရား ရောင်ခြည်တော်၊ ရဟန္တာများရဲ့ ရောင်ခြည်တော် အခါအားလျော်စွာ အကြောင်းအကျိုး ညီညွတ်တဲ့အခါ ဖူးရပါတယ်။ ဒီထက် တိတိကျကျ … Continue reading

Posted in Buddhism, Frontpage | Tagged , , , , , | Leave a comment

ယောဂီများတရားရဖို့လိုအပ်ချက်များ(၇)

ယောဂီများတရားရဖို့လိုအပ်ချက်များ(၇) “တစ်စုံတစ်ရာသည် အမှန်တကယ် တည်ရှိရိုးမှန်လျှင် စိတ်ဝင်စားမယ် .. ..” သိပ္ပံပညာ၌ – “If something is existing out there actually and really it is to be interested. .. ..” ဟူသော အယူအဆ ပေါ်ထွန်းခဲ့ပါတယ်၊ သူတို့က “အမှန်တရားကို မြတ်နိုးတယ်၊ အမှန်သာရှိလျှင် စိတ်ဝင်စားမယ်” ဒီလိုပြောပါတယ်။ အခု ဗုဒ္ဓဘာသာမှာ နိဗ္ဗာန်က အမှန်ရှိနေတာ။ ဒါကျတော့ ဘယ်လိုဖြစ်သွားလဲဆိုရင် … Continue reading

Posted in Buddhism | Tagged , , | Leave a comment

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၃၃)

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၃၃) အရိယာဖြစ်စေရန် အချို့သော သော့ချက်များ . . . ယောဂီများ အချို့သော သော့ချက်များကို အရိယာဖြစ်စေဖို့အတွက် ပြောပြ ထုတ်ဖော်ပေးမှာ ဖြစ်ပါတယ် . . . (၁) အချို့က ၀ိပဿနာရှုတာကို အပျက်ရှုတယ် – ဒီတော့ ကိုယ့်ရဲ့ စည်းစိမ်ဥစ္စာ ခြွေရံသင်းပင်း ဂုဏ်ဒြပ်တွေ ပျက်သွားမယ်လို့ စိုးရိမ်ကြတယ်။ ဒါဟာ မှားနေပါတယ်။ ၀ိပဿနာ ရှုတယ်ဆိုတာ – စိန်တွေရွှေတွေကို ရှုတာမဟုတ်ပါဘူး- စိန်တွေရွှေတွေအပေါ်မှာ ထားတဲ့ … Continue reading

Posted in Buddhism, Frontpage | Tagged , , , , , | Leave a comment

ယောဂီများတရားရဖို့လိုအပ်ချက်များ(၆)

ယောဂီများတရားရဖို့လိုအပ်ချက်များ(၆) သုံးလွန်းတင်မှကြိုး မြတ်စွာဘုရားရဲ့ သာသနာတော်ဟာ “သုံးလွန်းတင်မှကြိုး”ဆိုတဲ့ စကားလိုပါပဲ။ ပရိယတ္တိ၊ ပဋိပတ္တိ၊ ပရိဝေဒ သုံးမျိုးရှိ တာပါ။ မြန်မာလိုပြောရရင် သဘောတရားရေးရာရယ်၊ လက်တွေ့ရယ်၊ လက်တွေ့ကျင့်လို့ရတဲ့ အကျိုးအမြတ်ရယ် ပေါ့။ ဒီတော့ ဗုဒ္ဓဘာသာကို သဘောတရားရေးရာ သက်သက်ပါပဲ အကျင့် မပါပါဘူး၊ အကျင့်ကပေးတဲ့ အသိပညာ မထွက် ပါဘူးလို့ ဒီလို ယူဆခံရတာဟာ လွန်စွာဝမ်းနည်းစရာ ကောင်းပါတယ်။ တကယ်တမ်းကျတော့ နဂိုကတည်းက ဗုဒ္ဓဘာသာဟာ သုံးလွန်းတင်မှကြိုးလိုပဲ သဘောတရားရေးရာလည်း ပါတယ်၊ လက်တွေ့လည်း ပါတယ်၊ အကျိုးအမြတ် … Continue reading

Posted in Buddhism, Frontpage | Tagged , , , | Leave a comment

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၃၂)

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၃၂) အရိယာဖြစ်စေဖို့အတွက် အခြားသော သော့ချက်များ . . . ယခုအခါ ယောဂီများ တရားကျင့်ပြီဆိုတော့ အရိယာဖြစ်ဖို့ ရည်ရွယ်မှန်းထားရပါတယ်။ အရိယာဖြစ်မှ နိဗ္ဗာန်ကို တွေ့မှာ – ဒီတော့ အခြားသော သော့ချက်များကိုလည်း ဖော်ပြချင်ပါတယ် . . . အခြားသော သော့ချက်များ (၁) ယောဂီများ နိဗ္ဗာန်မှာ ဘာမှမရှိဘူးဆိုတာ မှားပါတယ်။ အချို့ကလည်း ဘာမှ မရှိဘူးဆိုရင် ဘာလို့ သွားမှာလည်း ဆိုတာမျိုး ဒါဏ်ပြန်မေးခွန်း လာတာပေါ့ … Continue reading

Posted in Buddhism, Frontpage | Tagged , , , , , , | Leave a comment

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၃၁)

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၃၁) အရိယာဖြစ်စေဖို့အတွက် သော့ချက်များ . . . ယခုအခါ ယောဂီများကို အရိယာဖြစ်စေဖို့အတွက် သော့ချက်အချို့ကို ဖွင့်ပြောပါမယ် – သော့ချက်(၁) အရိယာဖြစ်ဖို့ဆိုတာ ကူညီနိုင်တဲ့ တစ်စုံတစ်ဦးက အကူအညီ ပေးရပါတယ် – မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင်သာလျှင် ဆရာ မကူဘဲ သဗ္ဗေညုတ ရွှေဥာဏ်တော်ကို ရရှိခြင်းဖြစ်ပါတယ်။ မြတ်စွာဘုရား ရပြီးတဲ့နောက် ကျန်တာ မြတ်စွာဘုရားအမှူးပြုပြီး မြတ်စွာဘုရား၊ အဂ္ဂသာဝက၊ မဟာသာဝကနဲ့ သာသနာတော်မြတ်ကြီးက ကူညီမှ ကျန်တဲ့ပုဂ္ဂိုလ်များ အရိယာ … Continue reading

Posted in Buddhism, Frontpage | Tagged , , , , , , , | Leave a comment

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၃၀)

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၃၀) သာသနာက စောင့်ရှောက်တာကို ယုံကြည်ထိုက်ပါတယ် . . . ယောဂီများ တရားကျင့်နေတာ သာသနာ့အရိပ်ကို ခိုတာပါပဲ။ သာသနာ့အရိပ်ကို ခိုခြင်းဟာ ကောင်းသော ဆောင်ရွက်ခြင်းပါပဲ။ သာသနာ့အရိပ်ဟာ ခိုကိုးသင့်ပါတယ်၊ သာသနာတော်မြတ်ကြီးက လုံးဝစောင့်ရှောက်တယ်၊ ရုပ်နာမ်တွေက ဒုက္ခများလို့သာ သာသနာတော်က စောင့်ရှောက်ပေမယ့် စောင့်ရှောက်တာကို စောင့်ရှောက်မှန်း မသိတဲ့အခါ မသိဘူး၊ သို့သော်လည်း တကယ် စောင့်ရှောက် ပါတယ်။ စိတ်ချပါ – ကျွန်တော်ကိုယ်တိုင် အစောင့်ရှောက်ခံရတာတွေ နောက်ပိုင်းမှ အတွေ့အကြုံတွေ ပြောပြပါ့မယ်၊ … Continue reading

Posted in Buddhism, Frontpage | Tagged , , , , | Leave a comment

ယောဂီများတရားရဖို့လိုအပ်ချက်များ(၅)

ယောဂီများတရားရဖို့လိုအပ်ချက်များ(၅) ဝေါဟာရတွေကို အဓိပ္ပာယ် ဖွင့်ဆိုရအောင်… တရားအလုပ်လုပ်တဲ့အခါ ဝေါဟာရတွေကို အဓိပ္ပာယ်ဖွင့်ဆိုရတယ်။ သိပ္ပံပညာရှင်ကြီး ဟိုင်ဇင်ဘတ် က “ဝေါဟာရတွေကို အဓိပ္ပာယ်ဖွင့်ဆိုဖို့ လိုအပ်ကြောင်း အဓိပ္ပာယ်မဖွင့်ရင် အသိပညာအရာမှာ စာရင်းမ၀င်ကြောင်း” အထူးအရေးပေး ဖော်ပြခဲ့ဖူးပါတယ်။ ဝေါဟာရတွေဆိုတာ အဓိပ္ပာယ်ဖွင့်ရတယ်။ ကျွန်တော်ဆိုရင်လည်း ဝေါဟာရတွေကို အဓိပ္ပာယ် ဖွင့်ပေးနေတာပဲ။ “၀ိပဿနာဆိုတာ ဥာဏ်နဲ့ ခန္ဓာကို အနိစ္စရှုတာတို့၊ နိဗ္ဗာန်ဆိုတာ ရုပ်နာမ် ခန္ဓာချုပ်တာတို့၊ အရိယာမဂ်ဥာဏ် ဖိုလ်ဥာဏ် ဆိုတာ ရုပ်နာမ်ကို ပိုင်းခြားနိုင်တာတို့” စတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေကို ကျွန်တော်လည်း … Continue reading

Posted in Buddhism, Frontpage | Tagged , , , , , , | Leave a comment

ယောဂီများတရားရဖို့လိုအပ်ချက်များ(၄)

ယောဂီများတရားရဖို့လိုအပ်ချက်များ(၄) ယောဂီများ သစ္စာတရားရှာမှီးတဲ့အခါ ပန်းခင်းတဲ့လမ်းကြီး လျှောက်ရမယ်လို့ ကျွန်တော့်ဆရာကလည်း မမိန့်ဖူးပါဘူး။ သစ္စာတရားအတွက် လျှောက်တာ လျှောက်ရတာပဲ ရဲရဲရင့်ရင့် ခိုင်ခိုင်လုံလုံ သတ္တိရှိရှိ ပြတ်ပြတ်သားသား လျှောက်ရတာလည်း ရှိပါတယ်။ ဒါကြောင့် သစ္စာတရား လျှောက်လှမ်းတဲ့ နေရာမှာ ပန်းခင်းတဲ့လမ်းချည်းလို့ သဘောမထားစေချင်ဘူး။ ယောဂီများကလည်း ဒီသဘော ထားမှာတော့ မဟုတ်ပါဘူး။ လူ့ဘ၀ဆိုတာ ဒီလိုပါပဲ – သမုဒ္ဒရာထဲမှာ သင်္ဘောသွားတာ လှိုင်းတစ်လုံးပြီး တစ်လုံးတွေ့သလိုပါပဲ။ အခက်အခဲနဲ့ ကျော်လွှားစရာတွေက တစ်ခုပြီး တစ်ခုတော့ တွေ့ရမှာပါပဲ။ ဒါပေမယ့် ထူးခြားတာက … Continue reading

Posted in Buddhism, Frontpage | Tagged , , , , | Leave a comment

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၂၉ )

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၂၉ ) တရားကျင့်တယ်ဆိုတာ ခေတ်မီပါတယ် . . . ဒီခေတ်မှာ တရားကျင့်တယ်ဆိုတာ ခေတ်မီပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် တရားကျင့်တော့ ကိုယ့်သီလ၊ သမာဓိ၊ ပညာ တိုးတက်တာပေါ့။ ကိုယ်တိုးတက်အောင် ကိုယ်လုပ်တာဟာ ခေတ်မီတာပါပဲ။ ဒီခေတ်က လက်တွေ့လုပ်တဲ့ ခေတ်ပဲ အားလုံးသိပါတယ်။ သိပ္ပံဟာ လုပ်တွေ့လုပ်လို့ ကမ္ဘာက လေးစားရတာ။ လက်တွေ့ကျင့်တဲ့ခေတ် – ဒီခေတ်ဟာ စာအုပ်ထဲတို့ သဘောတရားရေးရာတို့ဟာ တခြမ်းပဲ့ဖြစ်နေတော့ မကိုက်ဘူး။ လက်တွေ့ကျင့်ကြံ အားထုတ်ပြီး အလုပ် လုပ်မှ … Continue reading

Posted in Buddhism, Frontpage | Tagged , , , , , , | Leave a comment