Monthly Archives: June 2010

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၁၃)

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၁၃) ယောဂီတွေ တရားအားထုတ်လာတော့ ရုပ်နာမ်အကြောင်းကို ထပ်ပြောပါမယ် . . . ရုပ်ဆိုတာကတော့ အသိမရှိတဲ့ အခြေခံဒြပ်ပါပဲ။ နာမ်ဆိုတာ အသိရှိတယ်။ ရုပ်က အသိမရှိဘူး – နာမ်မှာပဲ အသိရှိတယ်။ ဒီနှစ်ခုကို ကွဲကွဲပြားပြားသိရမယ်၊ ယောဂီမှန်ရင် ကွဲပြားရမယ်။ ရုပ်နာမ်သိမှ ဖြစ်ပျက်မြင်မှာကိုး။ ရုပ်ဆိုတာ အသိမရှိဘူး – နာမ်မှာပဲ အသိရှိတယ်။ ဒီဟာက လွယ်လွယ်လေးနဲ့ ကမ္ဘာ့ပညာရှင်တွေ မသိကြဘူး။ သိပ္ပံပညာရှင်တွေလည်း မသိကြဘူး။ ဒါကြောင့် “စကြ၀ဠာကြီးဟာ ဘာရည်ရွယ်ချက်နဲ့ … Continue reading

Posted in Articles, Buddhism, Frontpage | Tagged , , , , | Leave a comment

Some Questions And Answers

Some Questions And Answers ဒီ Section ကတော့ မေခွန်းနဲ့ အဖြေ Section ဆိုရင်တော့လည်း မမှားဘူးပေါ့ မေး။    ။ကျွန်တော်တို့ဟာ ဘာဖြစ်လို့ အခုကျွန်တော်တို့ ဖြစ်နေသလို ဖြစ်တည်နေရတာလဲ? ဆိုတဲ့မေးခွန်းပါပဲ . . . ဖြေ။    ။ဒါကတော့ ကံ၊ စိတ်၊ ဥတု၊ အဟာရကြောင့် အကြောင်းခံတရားကြောင့် အကျိုးဖြစ်နေတဲ့ သဘောပဲပေါ့ ဘယ်သူမပြု မိမိမှုလို့ ပြောလို့လည်းရတယ်။ အကြောင်းခံခဲ့လို့ အကျိုးဖြစ်နေတာပဲ။ ဒီတော့ ကံတွေ၊ စိတ်တွေ၊ ဥတုတွေ၊ … Continue reading

Posted in Articles, Buddhism & Science, Frontpage | Tagged , , | Leave a comment

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၁၂)

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၁၂) ယောဂီများ လက်တွေ့ကျင့်စဉ် လုပ်ငန်းခွင်ကိုဝင်နေကြတော့ သာဓုခေါ်ပါတယ်။ အမှန်ကတော့လည်း ကိုယ့်ကိုယ်ကို အကျိုးရှိအောင် ကျင့်တဲ့ ကျင့်စဉ်တစ်ခုပါပဲ။ သေခြင်းတရား ရင်ဆိုင်တဲ့အခါကျတော့ ကိုယ့်ခန္ဓာနဲ့ ကိုယ်နဲ့ ရှုရတာပါ။ ဘယ်စာအုပ်မှ လှန်လို့လည်း မရပါဘူး။ ခန္ဓာကို လက်တွေ့ ကျင့်ဘူးကြံဘူးတဲ့ ပုဂ္ဂိုလ်တွေမှ သေခြင်းတရားကို ရဲရဲရင့်ရင့် ရင်ဆိုင်နိုင်တယ်၊ ပြုံးပြုံးရွှင်ရွှင်နဲ့ ရင်ဆိုင်နိုင်တယ်၊ သေခြင်းတရားကို ‘၀’ ကွက်ပေးနိုင်တယ်။ တရားရှုရင်းနဲ့ သေခြင်းတရား ကို ရင်ဆိုင်သွားကြတာ။ အဲဒီနေရာမှာတော့ စာအုပ်လှန်လို့မရဘူး။ ဒါ့ကြောင့် လက်တွေ့ကျင့်ခြင်းဟာ … Continue reading

Posted in Articles, Buddhism, Frontpage | Tagged , , , , , , | Leave a comment

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၁၁)

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၁၁) အခုအကျင့်ပိုင်းမှာ ထက်ထက်သန်သန် မှန်မှန်ကန်ကန် လေ့ကျင့်နေကြတော့ အထူးဝမ်းသာဖွယ်ရာ ကောင်းတယ်၊ သာဓုခေါ်စရာလည်းကောင်းပါတယ်။ — ကျင့်ခြင်းမှာ အစစ အရာရာတည်တာပါ — လေ့ကျင့်ရင် စွမ်းတာပဲ — အထူးသဖြင့် လမ်းစဉ်မှန်မှန်နဲ့ လေ့ကျင့်တဲ့အတွက် ပိုပြီးတန်ဖိုးရှိတယ် လမ်းစဉ်ကတော့ အမှန်အကန်ပါပဲ။ ဒီလမ်းစဉ်နဲ့ တရားရှင် ဖြစ်ကြရတာပါပဲ။ တရားရှင်ဖြစ်တော့ ဘာထူးခြားလည်းဆိုတော့ လောကကြီးကိုနားလည်တာ ထူးခြားပါတယ်။ နောက်လောကကြီးမှာ ခွာပြီးတော့လည်း နေတတ်တာပေါ့လေ . . . လောကကြီးကပူတိုင်း ကိုယ်မပူဘူးပေါ့ . … Continue reading

Posted in Articles, Buddhism | Tagged , , , , , , | 1 Comment

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၁၀)

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၁၀) လေ့ကျင့်ရင်စွမ်းတယ် ဆိုတာကတော့ ဒီခေတ်က သက်သေသာဓက အထောက်အထားတွေ အများကြီးပေါ်နေပါတယ်။ ကိုယ်သန်ရာ ကိုယ်လေ့ကျင့်ကြတာပါပဲ။ တရားလေ့ကျင့်တဲ့အခါ တည်ငြိမ်မှုရတယ်၊ အေးငြိမ်းမှုရတယ်၊ ချမ်းသာမှုရတယ်၊ လွတ်မြောက်မှုလည်းရတယ်။ နောက် လောကဓံတွေ့သောအခါ ကိုယ်က တရားလွှတ်ထားသော ပုဂ္ဂိုလ်များနှင့် မတူနိုင်ဘဲ – ခံနိုင်တယ်၊ ကျော်လွှားနိုင်တယ်၊ ရင့်ကျက်တယ်၊ တည်ငြိမ်ပါတယ်။ ဒီတော့ ကိုယ်ဝါသနာပါရာ ကိုယ်လုပ်ကြတာပေါ့ — ငယ်ရွယ်သူတွေကတော့ အားကစားတို့ စသည်ဖြင့် သန်ရာသန်ရာ လေ့ကျင့်ကြတာ၊ လေ့ကျင့်တော့ သန်ရာသန်ရာ စွမ်းတာပါပဲ။ တရားလေ့ကျင့်တော့ … Continue reading

Posted in Articles, Buddhism, Frontpage | Tagged , , | Leave a comment

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၉)

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၉) လက်တွေ့ကျင့်စဉ်က အရှိန်တော်တော်လေး ရလာကြပြီ။ ခုအချိန်မှာ တရားဆိုတာ “မှတ်တာ” မဟုတ်ဘူး ဆိုတာလည်း သိပြီ။ တရားထိုင်ရင် ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါး ဘုရားလှူရတာလည်းသိပြီ။ ကိုယ့်ရဲ့ တွေးပိုင်ခွင့်ကို စွန့်လွှတ် လှူဒါန်းပြီးသား ဖြစ်တယ်ဆိုတာလည်းသိပြီ။ အတွေးတွေဟာ “ငါ”မဟုတ်ဘူး ဒုက္ခတရားတွေ ဆိုတာလည်း နားလည်သွားပြီ။ အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုတာလည်း သဘောပေါက်လာပြီ။ ဒီတော့ တရားဓမ္မနဲ့ ပတ်သက်လို့က အခြေခံတွေ တော်တော်လေး သိပြီးတော့ လက်တွေ့ ကျင့်ကြံနေပြီဆိုတော့ အခြေခံအဆင့်ကတော့ တော်တော်ကောင်းနေပြီ။ ဒီတော့ … Continue reading

Posted in Articles, Buddhism, Frontpage | Tagged , , | Leave a comment

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၈)

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၈) အခုအပိုင်းမှာ လက်တွေ့ကျင့်သောအပိုင်းဖြစ်သောကြောင့် ပျော်စရာလည်း ကောင်းပါတယ် . . . ထိရောက်မှုရှိမှာလည်း သေချာလေသည်။ ဒီခေတ်ဟာ လေ့ကျင့်တဲ့ခေတ်ပါ – ကျွန်တော်တို့ကတော့ ခေတ်မီစွာ ဆရာသမားက အမြော်အမြင်ရှိတော့ ကျွန်တော်တို့ တရားအားထုတ် စကတည်းက လေ့ကျင့်လာရတာ၊ လေ့ကျင့်ရင်းနဲ့ပဲ အောင်မြင်တာပါပဲ — ဒီခေတ်ကြီးဟာလည်း လေ့ကျင့်တဲ့ခေတ်ပါ။ အားကစားသမားတွေလည်း လေ့ကျင့်တယ်၊ အကုန်လေ့ကျင့်ကြတယ်၊ ကျွန်တော်တို့ တရားသမားတွေလည်း လေ့ကျင့်ရမယ်၊ လေ့ကျင့်တာကို အားလည်းပေးတယ် – ဂုဏ်လည်းယူုတယ်၊ အခုလမ်းစဉ်အတိုင်း လေ့ကျင့်တာကို … Continue reading

Posted in Articles, Buddhism, Frontpage | Tagged , , | Leave a comment

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၇)

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၇) တရားအားထုတ်ခြင်းအတွက် အားပေးနေပါတယ် . . . တရားအားထုတ်တဲ့ ပုဂ္ဂိုလ်ဟာ သီလကတော့ စင်ကြယ်တာပါပဲ။ တရားအားထုတ်တဲ့ အခါမှာ ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါးကို ဘုရားကိုလှူတယ်ဆိုတော့ သီလက မစင်ကြယ်ဘဲကို မနေဘူး စင်ကြယ်နေတာပါပဲ။ နောက် သမာဓိဆိုတာကလည်း “Practice makes perfect.” ဆိုတော့ ကျင့်လေ တတ်လေပါ၊ ဒါတော့ လုံးဝစိတ်ချပါ။ အားပေးစကား ပြောရမယ်ဆိုရင် ကျွန်တော်တို့ သမာဓိဆိုရင် ရိုးရိုးလူနဲ့ မတူပါဘူး – သမာဓိတော်တော်ကို တိုးတက် … Continue reading

Posted in Articles, Buddhism, Frontpage | Tagged , , | Leave a comment

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ (၆)

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၆) ကဲ ဒီတစ်ခါတော့ တရားလက်တွေ့ ထိုင်ကြည့်ကြရအောင် . . . ဘုရားခန်းမှာပဲဖြစ်ဖြစ်၊ ကိုယ်ပိုင် အခန်းမှာပဲဖြစ်ဖြစ်၊ သင့်တော်တဲ့ နေရာမှာပဲဖြစ်ဖြစ် ထိုင်ပါ။ တင်ပလ္လင်ခွေချင်ခွေပါ၊ ဒူးတုပ်ချင်တုပ်ပါ။ လက်ကလေးကို ယှက်ထားလိုက်ပါ၊ ညာဘက်လက်က အပေါ်က လက်မလေးထိပြီးတော့ မျက်စိလေးမှိတ်ထားပါ။ ဥာဏ်ပညာ အသုံးချမှာဆိုတော့ မျက်စိလေးမှိတ်ထားပါ။ အသက်ကို မှန်မှန်ရှုပါ . . . ဒီနေရာမှာ အသက်ကို ပြင်းပြင်းထန်ထန် ရှုစရာ မလိုပါဘူး၊ ဒါကြောင့် အသက်ကို မှန်မှန်ရှုပါ … Continue reading

Posted in Articles, Buddhism, Frontpage | Tagged , , | Leave a comment

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၅)

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၅) အထက်ဖော်ပြပါ အချက်အလက်များကို အချို့သော ယောဂီများက အားမလိုအားမရ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဟာ ဒီအခြေခံတွေက နဂိုကတည်းက ရပြီးသားပါ။ ဥပမာ —- ကျွန်တော်တို့ဟာ သီလဖြူစင်ပါတယ်၊ တည်ငြိမ်မှု သမာဓိလည်း ရှိပါတယ်၊ အိနြေ္ဒလည်း ရပါတယ် စသဖြင့် . . . ဒီလိုယူဆပြီးတဲ့နောက် အဆင့်မြင့်တဲ့ သဘောထားများကိုလည်း စိတ်ဝင်စားပါတယ်လို့ ဆန္ဒရှိကောင်း ရှိပါလိမ့်မယ်။ အဆင့်မြင့်တဲ့ သဘောထားတွေက ပြောရတာ မခက်ပါဘူး။ အခြေခံတွေ ပိုင်နိုင် ရင့်ကျက်ရင် အဆင့်မြင့်က … Continue reading

Posted in Articles, Buddhism, Frontpage | Tagged , , | Leave a comment

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၄)

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၄) သစ္စာရှာမှီးသူများ (သို့မဟုတ်) ယောဂီများ ဖော်ပြပါ အကြောင်းအချက်များကိုတော့ ရေရေလည်လည် သဘောပေါက် ပြီလို့ ယူဆပါတယ်။ ဒါကြောင့် အောက်ပါ အကြောင်းလေးများကို စကားပြေနဲ့ ရေးပေးပါ့မယ်။ နားလည်လွယ်ရန် ဖြစ်ပါ တယ်။ (၁) သီလ ဖြူစင်ရပါတယ်။ သီလဖြူစင်တော့ သမာဓိအတွက် အထောက်အပံ့ဖြစ်တယ် တည်ငြိမ်တာပေါ့နော်။ သီလ မသန့်စင်တော့ သမာဓိ တည်ဆောက်ရတာ လှုပ်ရှားတတ်လို့ပါ။ ဒါကြောင့် သီလစင်ကြယ်ရပါတယ်။ (၂) တည်တည်ငြိမ်ငြိမ် ရှိရပါတယ်။ အရာရာလုပ်တာ တည်တည်ငြိမ်ငြိမ် ရှိရပါတယ်။ … Continue reading

Posted in Articles, Buddhism, Frontpage | Tagged , , | Leave a comment

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၃)

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၃) အထက်ဖော်ပြပါ အချက်အလက်များကို ကျွမ်းကျင်နိုင်နင်းစွာ ရေရေလည်လည် သဘောပေါက် ဘ၀င်ကျပြီးနောက် အောက်ပါ အချက်အလက်များကို ဆက်လက်၍ ၀င်စားစဉ်ခြင်ရန်ဖြစ်ပါသည်။  (၁) ရရှိထားသော ရုပ်နာမ်သည် အကျိုးတရားကြီးဟု ယူဆရမည်။  ဤရုပ်နာမ်ကြီးသည် အကြောင်းမဲ့ ဖြစ်ပေါ်လာခြင်း မဟုတ်ချေ။ မြတ်စွာဘုရား၏ တရားတော်အရ “ယေဓမ္မာဟေတုပ္ပဘ၀ါ” ဖြစ်ရပ်တို့သည် အကြောင်းအရင်း ရှိကုန်၏ ဟူ၍ အဆိုအဆုံးအမ ရှိရာ ဤရုပ်နာမ်ကြီးအား အကျိုးတရားဟု ယူရမည်။ ဤရုပ်နာမ် ဖြစ်ပေါ်လာအောင် အကြောင်းခံခဲ့သောကြောင့် ယခု အကျိုးတရားအဖြစ် ရုပ်နာမ်ကြီး … Continue reading

Posted in Articles, Buddhism, Frontpage | Tagged , , | Leave a comment

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၂)

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၂) ၀ိပဿနာတရား အားထုတ်လိုသော ယောဂီများ အထက်ပါ အချက်ကြီးများကို သဘောပေါက်သောအခါ အောက်ပါ လက်တွေ့ကျင့်စဉ် လုပ်ငန်းခွင်ကို ၀င်ရမည်ဖြစ်သည်။ လက်တွေ့ကျင့်စဉ် လုပ်ငန်းခွင် အစီအစဉ်မှာ —- (၁) ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါးကို မြတ်စွာဘုရားကို လှူရန်ဖြစ်သည်။ ယောဂီတစ်ဦးသည် တရားထိုင်ခါနီးတွင် ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါးကို မြတ်စွာဘုရားထံ လှူရသည်။ ရုပ်နာမ် နှစ်ပါးကို ဘုရားအားလှူရသည်။ ထိုသို့ လှူသောအခါ ငါးမိနစ်ရရ ဆယ်မိနစ်ရရ မိမိ၏ရုပ်နာမ်သည် ဘုရားကို လှူထားသောကြောင့် မိမိမပိုင်သဖြင့် မိမိတွေးချင်ရာ … Continue reading

Posted in Articles, Buddhism, Frontpage | Tagged , , | Leave a comment

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၁)

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၁) စာဖတ်ပရိသတ်ကြီးက ၀ိပဿနာတရားကို စိတ်ဝင်စားတယ်ဆိုတာ စဉ်းစားမိလို့ – ဒီလိုဆိုရင်လည်း တရားကျင့်စဉ်ကို ပြောပြမယ်လို့ စိတ်ကူးရတာနဲ့ ဒီစာလေးတွေကို ရေးလိုက်တာပါ။ ဒီတော့ လက်တွေ့ တရားအားထုတ်ချင်ရင် ပြောပြပေးပါမယ်။ ရှေးဦးစွာ အောက်ပါအချက်အလက်လေးတွေကို ဂရုစိုက်ပေးပါ — ၁) တရားက ရှုတာပါ မှတ်တာ မဟုတ်ဘူး။ ဒါလေးကို မှန်မှန်ကန်ကန်လေး သုံးပေးပါ။ တရားအားထုတ်ရင် ရှုတာပဲ တရားမှတ်တာမဟုတ်ဘူး။ မှတ်တယ်ဆိုတာကို အသေးစိတ်ရှင်းရရင် သဥာက်ခန္ဓာဆိုတော့ စိတ်ရဲ့အလုပ်။ စိတ်ဆိုတာက မပွားများအပ်ဘူး။ သူက … Continue reading

Posted in Articles, Buddhism, Frontpage | Tagged , , , , , , | Leave a comment

New Good Information for Audiance

No tags for this post.

Posted in Frontpage | Leave a comment