Monthly Archives: March 2010

ကံပုန်းအကြောင်းသိလိုလျှင် …..

ကံပုန်းအကြောင်းသိလိုလျှင် ….. ဤလောက၌ကံပုန်းများရှိသည်။ ကံပုန်းဆိုသည်မှာ ပုန်းအောင်းနေသော ကံများ ဖြစ်သည်။ ကံပုန်းကိုသိရန် အလွှာလွှာအဆင့်ဆင့် ဖြတ်သန်းရလေသည်။ ဥပမာဆိုကြပါစို့ — ရုပ်ဒြပ်တစ်ခုဖြစ်ပေါ်၎င်းကို materialization ဟုခေါ်ဆိုသည် ဆိုကြပါစို့- ထိုအခါ materialization ဖြစ်ဖို့ အတွက် သူ့မှာ Background ရှိရသည်။ ၄င်းကို နောက်ခံကားဟု ယူဆရသည်။ နောက်ခံကား၌လုပ်ငန်းဆောင်တာအားဖြင့် လှိုင်းများရှိသည်။ ၄င်းတို့သည် Functional Wave များ ဖြစ်ကြသည်။ ထို Functional Wave များ၏အနှစ်ချုပ်မှာ Potential ခေါ်သည်။ Potential … Continue reading

Posted in Buddhism & Science, Frontpage | Tagged , , | Leave a comment

သမထလွန်ဖြစ်ရပ်များ

သမထလွန်ဖြစ်ရပ်များ ရိုးရိုးလူတွေ သိနေကြတာကတော့ တော်တော်ကြမ်းသေးတယ်လို့ ပြောရမယ် —သိပ္ပံခရီး စဉ်မှာ မော်လီကျူးကိုတွေ့တုန်းက အက်တွမ်ကို ပယ်ပယ်နယ်နယ် မသိနိုင်ဘူးပေါ့။ အက်တွမ်ကို တွေ့တော့လည်း နူးကလီယပ်(စ)ကို မမှန်းဆတတ်ဘူး၊ နူးကလီယပ်(စ)ကိုတွေ့ပြန်တော့လည်း အီလထရွန်ထဲက ကွက်(ခ)လေး သုံးခုကို မတွေ့နိုင်ဘူးပေါ့၊ အခုတော့ ကွက်(ခ)လေး သုံးခုတော့ တွေ့ပါပြီ။ ဒါပေမယ့် သွားရမယ့်ခရီးက အများကြီးရှည်ဝေးနိုင်ပါသေးတယ်။ ဒီတော့ သိပ္ပံဟာ တစ်ခုကိုတွေ့လိုက် ထိုးဖောက်လိုက်၊ နောက်တစ်ခုကိုတွေ့လိုက်နဲ့ ခရီးမဆုံးဘူးလို့ သူတို့ သုံးသပ်ကြတာပေါ့ – သိပ္ပံဟာ ခရီးဆုံးဆိုတာကို မကြိုက်ဘူး အထူးသဖြင့် … Continue reading

Posted in Buddhism & Science, Frontpage | Tagged , , , , , | Leave a comment

အခါမလပ် ဆင်ခြင်အပ်သောဥာဏ်ပညာ အကြောင်း ဟောပြောပွဲ

ဗုဒ္ဓစာပေဆုရ ဆရာကြီးဒေါက်တာချစ်ငယ်(ဒဿန) ၏ “အခါမလပ် မြော်မြင်ဆင်ခြင်အပ်သော ဥာဏ်ပညာ´´ အကြောင်း ဟောပြောပွဲမှ မှတ်တမ်း ဓာတ်ပုံ တစ်စိတ်တစ်ဒေသကို ဖော်ပြပေးလိုက်ရပါသည် —- Admin. No tags for this post.

Posted in Buddhism, Frontpage, Photo Gallery, Seminars | Leave a comment

ဗုဒ္ဓဘာသာ၏တည်ရှိမှုနှင့် သိပ္ပံ၏တည်ဆောက်မှု

ဗုဒ္ဓဘာသာ၏တည်ရှိမှုနှင့်သိပ္ပံ၏တည်ဆောက်မှု ဟိုတုန်းကတော့ ဗုဒ္ဓဘာသာက တည်ရှိမှုမှာလည်း အဆင့်မြင့်တယ်။ တည်ဆောက်မှုမှာလည်း အဆင့်မြင့်တယ်ပေါ့။ ဒါ ထင်ရှားပါတယ်။ သိပ္ပံသိတာက လောကုတ္တရာနဲ့ ပတ်သက်ရင်ဘာမှ မရှိသေးဘူး။ ဗုဒ္ဓဘာသာက နိဗ္ဗာန်အထိသိတာဆိုတော့ တည်ရှိမှုနဲ့ပတ်သက်လို့ဗုဒ္ဓဘာသာက အရမ်းအဆင့်မြင့်တယ်။ ဒါကတော့ ရှင်းပါတယ်။ ဟိုတုန်းကတော့ သူတော်ကောင်းကြီး တွေကလည်း သတင်းသုံးတော်မူခဲ့တော့ မြန်မာနိုင်ငံမှာ ဒီ တည်ရှိမှုကလည်းအဆင့်မြင့်သလို တည်ဆောက်မှုကလည်း အဆင့်မြင့်ခဲ့တယ်။ သိပ္ပံပညာဟာ ဗုဒ္ဓဘာသာကိုဘယ်လိုမှမမီဘူး။ တည်ရှိမှုလည်းမမီဘူး၊ တည်ဆောက်မှုလည်း မမီဘူး။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ သူတော်ကောင်းကြီးတွေလည်း ပရိနိဗ္ဗာန်စံတော်မူကြ၊ ဗုဒ္ဓဘာသာကလည်း လက်တွေ့ကျင့်ကြံ အားထုတ်မှု၊ … Continue reading

Posted in Buddhism & Science, Frontpage | Tagged , , , | Leave a comment

အခါမလပ် ဆင်ခြင်အပ်သောဥာဏ်ပညာ – အပိုင်း (၂)

အခါမလပ် ဆင်ခြင်အပ်သောဥာဏ်ပညာ – အပိုင်း (၂) ဆင်ခြင်ထိုးထွင်းအပ်တဲ့ ဥာဏ်ပညာကို နာမဝိသေသနပြုထားတာပေါ့ – အခါမလပ်ဘူး။ အခါမလပ်ဘူးဆိုတဲ့ အနက်အဓိပ္ပာယ်ကို ဝင်စားကြည့်ရင်  — ၁) တော်တော်အံသြစရာကောင်းတာပဲ ၂) အားကိုးစရာလည်း သိပ်ကောင်းပါတယ်။ အံသြစရာ ကောင်းတာကတော့ လူဆိုတာ အင်မတန် အခါလပ်တတ်တယ်။ (သတိမမူ၊ ဂူမမြင်) ဆိုတာမျိုး၊ ပညာရှိ သတိဖြစ်ခဲ – ဆိုတာမျိုး အခါလပ်တတ်တယ်၊ ဟဒယ လေခတယ် ဆိုတာမျိုးပေါ့။ အဲဒီ အခါလပ်တတ်တဲ့ထဲက အခါမလပ်ဆင်ခြင်အပ်တယ်ဆိုတဲ့ ဥာဏ်ပညာ အကြောင်းဆိုတော့ … Continue reading

Posted in Buddhism, Frontpage | Tagged , , , | Leave a comment

အခါမလပ် ဆင်ခြင်အပ်သောဥာဏ်ပညာ – အပိုင်း (၁)

အခါမလပ် ဆင်ခြင်အပ်သောဥာဏ်ပညာ အကြောင်း ဟောပြောပွဲ ဆရာကြီး ဒေါက်တာချစ်ငယ်(ဒဿန) သည် International Business Centre (I.B.C) ခန်းမတွင် ယနေ့ (၂၀-၃-၂၀၁၀) မနက် (၉း၀၀) နာရီမှ နေ့လည် (၁၁း၀၀) အထိ အခါမလပ် ဆင်ခြင်အပ်သော ဥာဏ်ပညာ အကြောင်း ဟောပြောပွဲကို ကျင်းပလျှက်ရှိကြောင်း သတင်းကောင်းပေးအပ်ပါသည်။ ဆရာ၏ တရားဟောပြောပွဲများကို ယခုလပိုင်းအတွင်း (I.B.C) ခန်းမတွင် ဆက်တိုက်ကျင်းပလျှက်ရှိရာ ယခုအကြိမ်သည် (၈)ကြိမ်မြောက် ကျင်းပခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။ ထို ဟောပြောတွင် … Continue reading

Posted in Buddhism, Frontpage | Leave a comment

Dhamma Conqueror (part 5)

တရားရှင် အပိုင်း (၅) တရားရှင်တို့သည် သေခြင်းတရားကို အောင်နိုင်သူများ ဖြစ်ကြသည်။ တင်စားဆိုရသော် သေခြင်းတရားကို တွေ့သောအခါ ခန္ဓာကိုယ်ကြီးကို သေမင်းလက် ‘ဝ’ကွက်အပ်ရန် သက်တောင့်သက်သာ အနေအထား၌ ရှိသည်။ အဘယ့်ကြောင့်ဆိုသော် ခန္ဓာကိုယ်ကို ဥာဏ်နှင့်ပိုင်းခြား ထားနိုင်သောကြောင့် ဖြစ်သည်။ ခန္ဓာမှထွက်မြောက်နိုင်သော လွတ်လပ်သော ဥာဏ်ပညာရှင်တို့ ဖြစ်သောကြောင့် ဖြစ်သည်။ ခန္ဓာကိုယ်ကို အကြောင်းမပြုချေ။ ခန္ဓာ ကိုယ်ကြီးကို တစိမ်းပြင်ပြင်လို သဘောထား၍ ဥာဏ်ပညာဖြင့် သီးခြား၊ ပိုင်းခြား၊ ပြတ်သားစွာ သီတင်းသုံးတော် မူနိုင်ကြသည်။ ဤကား တရားရှင်တို့၏ … Continue reading

Posted in Buddhism, Frontpage | Leave a comment

Dhamma Conqueror (part 4)

တရားရှင် အပိုင်း (၄) တရားရှင်ဆိုလို့ မြတ်စွာဘုရား လက်ထက်တော်တုန်းက တရားရှင် ”ဓမ္မဒိန္နာ” ဆိုတာ ထင်ရှား ကျော်ကြားခဲ့ဖူးတယ်။ ”ဓမ္မဒိန္နာ” ရဲ့ဇာတ်လမ်းအကျဉ်းက ဒီလိုပါ။ ”ဓမ္မဒိန္နာ” ရဲ့ ခင်ပွန်းသည် ”ဝိသာခ” ဆိုတဲ့ ဒကာကြီးက တစ်ချိန်မှာ မြတ်စွာဘုရားရဲ့ တရားကိုနာ၊ နာတော့ ဥပမာ —- ဖြစ်ပျက်တွေမြင်၊ ဖြစ်ပျက်တွေမုန်း၊ ဖြစ်ပျက်တွေဆုံးပြီးတော့ သောတပန် ဖြစ်သွားတဲ့ သဘောပေါ့။ Tags: Buddhism, Myanmar Posts, နိဗ္ဗာန်, မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်, သာသနာ

Posted in Buddhism, Frontpage | Tagged , , , , | Leave a comment

Dhamma Conqueror (part 3)

တရားရှင် အပိုင်း (၃) တရားရှင်နဲ့ပတ်သက်လို့ကတော့ သိပ္ပံပညာရှင်တွေဟာ တရားရှင် မဖြစ်နိုင်ဘူး။ ဘာကြောင့်လည်းဆိုတော့ သူတို့က အမှန်တရားရဲ့ လျှို့ဝှက်ချက်ကို ကိရိယာနဲ့ရှာတာကိုး၊ သူတို့က သီလ၊ သမာဓိ၊ ပညာနဲ့မရှာဘူး။ ဒီတော့ သိပ္ပံပညာရှင်တွေဟာ တရားရှင် မဖြစ်နိုင် ဘူး။ သူတို့က တရားရှင် ဖြစ်လည်းမဖြစ်ချင်တဲ့ပုံပဲ။ No tags for this post.

Posted in Buddhism, Frontpage | Leave a comment

Dhamma Conqueror Audio

Dhamma Conqueror Mp3 File 1 Dhamma Conqueror Mp3 File 2 Dhamma Conqueror Mp3 File 3 Dhamma Conqueror Mp3 File 4 Dhamma Conqueror Mp3 File 5 No tags for this post.

Posted in Audio, Frontpage | Leave a comment

Dhamma Conqueror (part 2)

တရားရှင် အပိုင်း(၂) တရားရှင်ဆိုတာ တရားရဲ့ပိုင်ရှင်ဆိုတော့ အဆိုအမိန့်၊ အဆုံးအဖြတ်၊ အဆုံးအမတွေဟာ တရားတော်တွေ ဖြစ်တဲ့ သဘောပါပဲ။ အများအားဖြင့်တော့ တရားရှင်တွေဟာ တရားသိတော့ ရဟန္တာတွေအကြောင်း မိန့်တတ်တယ်။ ”ရဟန္တာတွေဟာ သံသရာလည်စေတတ်တဲ့ ဓာတ်ကို ဖြတ်နိုင်တဲ့ အရည်အချင်းရှိတယ်” လို့ (မကြာခဏ မိန့်တတ်တယ်)။ ရဟန္တာဆိုတာ နောက်ဘဝ မရှိရတော့တဲ့အတွက် ဘဝဖြစ်စေတဲ့အရာတွေကို ဖြတ်နိုင်တယ်။ ရဟန္တာတွေဟာ ရုပ်နာမ်အင်အား ပြည့်စဉ်ကတော့ ဥာဏ်အားရော စိတ်အားရော ရုပ်အားပါ အပြည့် သာသနာ့အကျိုးကို သယ်ပိုး တော်မူကြလေ့ရှိတယ်။ ရုပ်နာမ်ခန္ဓာက အိုမင်းရင့်ရော်သွားလို့ဖြစ်စေ၊ … Continue reading

Posted in Buddhism, Frontpage | Tagged , , | Leave a comment

Dhamma Conqueror (part 1)

တရားရှင် အပိုင်း(၁) တရားရှင်ဟူသည်မှာ တရား၏ပိုင်ရှင် ဖြစ်လေသည်။ တရားပိုင်ရှင်တို့သည် ကိုယ့်ရုပ်နာမ် အပေါ်မှာလည်း တရားဓမ္မနှင့် ဆင်ခြင်ကာ ရုပ်ဓမ္မနာမ်ဓမ္မ သဘာဝဟု ဖောက်ပြန် နှိပ်စက်တတ်သောသဘောကို သိနားလည်၍ သည်းခံတတ်သည်။ ”သည်းခံလျှင် နိဗ္ဗာန် ရောက်သည်” ဆိုသည်မှာ တစ်ပါးသော ပုဂ္ဂိုလ်၏ မတရားစော်ကားမှုကို သည်းခံခြင်းမျိုး မဟုတ်ချေ။ ”သည်းခံလျှင် နိဗ္ဗာန်ရောက်သည်” ဆိုသည်မှာ ကိုယ့်ရုပ်ကိုယ့်နာမ်အပေါ်ကို သည်းခံရမည် ဖြစ်သည်။ လောဘ၊ ဒေါသ၊ မောဟ၊ တဏှာ၊ မာန၊ ဒိဋ္ဌိတို့အပေါ် သည်းခံရမည် ဖြစ်သည်၊ အလိုမလိုက်ရခြင်းသဘော … Continue reading

Posted in Buddhism, Frontpage | Tagged , , , | Leave a comment

သညာကမ္ဘာကိုကျော်ဖြတ်ခြင်း

သညာကမ္ဘာကိုကျော်ဖြတ်ခြင်း အသိပညာဝင်စားသုများသည် ထိုးထွင်းမှုပညာ ဆင်ခြင်မှုပညာကို တန်ဖိုးထားကြသည်။ ဆင်ခြင်ခြင်း ထိုးထွင်းခြင်း၌ သဘောတရားများကို ဝင်စားခြင်းအလုပ်လုပ်ရသည်ဟု ဆိုနိုင်သည်။ စကားလုံးသည် အနက်အဓိပ္ပာယ်ကိုဆောင်ရာ အနက်အဓိပ္ပာယ်မှ ဝင်စားမှု၊ ထိုးထွင်းမှုဖြင့် သဘောသဘာဝကိုသိရင်း အသိပညာကို ရရှိနိုင်လေသည်။ သညာကမ္ဘာသည် ကျယ်ပြန့်သည်ကား မှန်၏၊ သို့သော် သဘောတရားပညာမှာ ပို၍နက်ရှိုင်းလေသည်။ လူတို့သည် သညာ၌ကျင်လည် ကျက်စား၍ အားမရနိုင်သောအခါ ပညာဥာဏ်ဘက်သို့ ဝင်စားလာတတ်ကြသည်။ ထိုအခါ အနက်အဓိပ္ပာယ်ကို ဆင်ခြင်ထိုးထွင်းမှုများ ပြုလာကြသည်။ သညာကမ္ဘာ၌ ‘ငါ’နှင့်နေသော ပုဂ္ဂိုလ်များသည် ခေတ်နောက်ကျ ကျန်ရစ်ခဲ့ကြသည်။ ပညာအရာမှာ … Continue reading

Posted in Buddhism, Frontpage | Leave a comment

IBC seminar-6

လက်တွေ့ကျင့်စဉ်လုပ်ငန်းခွင် ဟောပြောပွဲ IBC                              ၂၇-ဝ၂-၂ဝ၁ဝ လက်တွေ့ကျင့်စဉ်လုပ်ငန်းခွင် ဟောပြောပွဲ အခမ်းအနားကို (၆)မိုင်ခွဲ ပြည်လမ်းရှိ International Business Centre (IBC) တွင် ၂၇-ဝ၂-၂ဝ၁ဝ နေ့ရက်၌ ကျင်းပရာ ယခင်ကျင်းပခဲ့သော အခမ်းအနားများကဲ့သို့ပင် အစီအစဉ်များကို နံနက် (၉းဝဝ) နာရီတွင် စတင်ခဲ့သည်။ ဆရာကြီး ဒေါက်တာချစ်ငယ်မှ လက်တွေ့ကျင့်စဉ်လုပ်ငန်းခွင် အကြောင်းကို ဟောပြောစဉ် … Tags: Buddhism, Myanmar Posts, နိဗ္ဗာန်

Posted in Buddhism, Frontpage, Photo Gallery, Seminars | Tagged , , | Leave a comment

IBC seminar-5

တရားတော်၏ဂုဏ် ဟောပြောပွဲ အခမ်းအနား ၁။ အခမ်းအနားစတင်ခြင်း အခမ်းအနားမှူးမှ အခမ်းအနား စတင်ကြောင်း ကြေငြာခဲ့သည်။ ၂၊ ဆရာ၏ ကိုယ်ရေးရာဇ၀င်အကျဉ်းကို Photo Slide Show ပြသသည်။ ဆရာ၏ ကိုယ်ရေးရာဇ၀င်အကျဉ်းကို Photo Slide Show ကို Projector ဖြင့်ပြသရာ တက်ရောက်လာကြသော ပရိသတ်များမှ စိတ်ပါဝင်စားစွာ ကြည့်ရှုကြစဉ် …. Tags: Buddhism, Myanmar Posts, နိဗ္ဗာန်, မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်

Posted in Buddhism, Frontpage, Photo Gallery, Seminars | Tagged , , , | Leave a comment