ဘာသာ​ရေး သာသနာ​ရေးဆိုတာ —

Morning Lotus Flower Wallpaper 24ဘာသာရေး သာသနာရေးဆိုတာ အင်မတန်ကျယ်ပြော နက်ရှိုင်းတယ် အားလုံးလည်းသိပါတယ်။ မိမိဘာသာကို မိမိမဂ်ပေါက်ဖိုလ်ဝင် နားလည်ပြီးတဲ့နောက်မှ ဒီပြင်ဘာသာတွေအကြောင်း နည်းနည်းပါးပါး ပြောချင်ရင်ပြောတာ အဆင်ပြေတာပေါ့။
မိမိဘာသာကို မဂ်ပေါက်ဖိုလ်ဝင် ကောင်းကောင်းမလုပ်သေးဘဲနဲ့ ဟုတ်တိပတ်တိ အမှန်ကိုထိုးဖောက်ပြီး အသိမရသေးဘဲနဲ့ ကျန်တာတွေလျောက်ပြောနေရင် အမှားမှားအယွင်းယွင်းတွေ ဖြစ်နိုင်တယ်။ အဓိကကတော့ ကိုယ့်ဘာသာကို နံပါတ်ကုန်ပေါက်မြောက်အောင် လုပ်ဖို့က အဓိကပါပဲ။ ဒါက ပထမဦးဆုံး ဦးစားပေးရမယ့် လုပ်ငန်းပဲဖြစ်တယ်။
အမြင်ဆိုတာ တည့်မတ်ဖို့တော့လိုတယ် အစစအရာရာ ဖြောင့်ဖြောင့်တန်းတန်း တည့်တည့်မတ်ဖို့လိုတယ်။ စွေ့စောင်း ကောက်ကွေ့ တိမ်းချော်နေရင်တော့ မကောင်းဘူးပေါ့။ အမြင်ပါမကဘူး ဦးနှောက်ပါမမှန်ဘူး လမ်းချော်တယ် မိမွေးတိုင်းဖမွေးတိုင်း မကောင်းဘူး ကိုယ့်ဇာတ်ကိုယ်မနိုင်ဘူးဆို ဒါလည်းဘယ်ကောင်းပါ့မလဲ။ ရုပ်နာမ်ဆိုတာမကောင်းဘူးလို့ပြောတာကို တချို့ကဇွတ်ငြင်းပြီးတော့ ကောင်းတယ်လုပ်ချင်တဲ့ပုဂ္ဂိုလ်တွေ အခုကျတော့ ရုပ်နာမ်မကောင်းကြောင်းကို တွေ့နေကြတာ နဖူးနဲ့ကျည်ပွေ့ တွေ့ကြပြီ။
တရားပလ္လင်ပေါ်မှာ မိမိမကောင်းကြောင်းပြောတဲ့ပုဂ္ဂိုလ်တွေ အခုကျတော့ မပြောနိုင်ရှာတော့ဘူး။ ဒါက အမှန်တရားပဲ ကိုယ်တူဖြစ်တော့ ထုချင်တိုင်း လျောက်ထုနေတာ ပေဖြစ်တဲ့အခါကျတော့ ပက်လက်လန် ခံရုံပဲရှိတာပဲ။ ဒါဟာ သဘာဝပါပဲ ဓမ္မသဘာဝလမ်းစဉ်ပဲ။ ခေါင်းထောင်လို့တော့ ငြင်းမယ်မကြံနဲ့ ပိုပြီးတော့နစ်နာသွားမယ်မှတ်ပါ။ ဒီက မှန်တာကန်တာကို ပြောတတ်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ မမှန်မကန်လာပြောရင် တည့်တည့်မတ်မတ်လာမပြောရင်တော့ ပိုပြီးတော့မြေလှန်တိုက်ဖို့ပဲ ရှိကြောင်း သတင်းကောင်းပေးပါတယ်။
တချို့ကလည်း သိပ်ပေါ်ပြူလာဖြစ်ချင်ကြတာ။ ပေါ်ပြူလာဖြစ်ရင်ပြီးရော ဆိုပြီးတော့ ကိုယ့်ဘာသာကိုတောင် တန်ဖိုးလျော့ပြီးတော့ ရောင်းစား စည်းရုံးတဲ့ လုပ်ဆောင်ချက်တွေ လုပ်ဆောင်လာကြတယ်။ ရှက်ဖွယ်ကောင်းပါတယ် ကိုယ့်ဘာသာရဲ့ အဖိုးတန် တန်ဖိုးကြီးမှုတွေကို ဖျက်လိုဖျက်စီးနဲ့ လျော့ချပြီးတဲ့နောက် လျော့ဈေးပေါ့ဈေးနဲ့ ရောင်းစားတာကတော့ သာသနာဖျက်လို့ ပြောရင်တောင်ရတဲ့အကြောင်း သတင်းကောင်းပေးလိုပါတယ်။
ဗုဒ္ဓစာပေဆုရ
ဒေါက်တာချစ်ငယ်(ဒဿန)

No tags for this post.
This entry was posted in Buddhism. Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *