ဗုဒ္ဓဘာသာဝင်တိုင်းသည် နိဗ္ဗာန်ကိုသာ ဆုတောင်းသည်

ဝင်တိုင်းသည် နိဗ္ဗာန်ကိုသာ ဆုတောင်းသည်

ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓဘာသာကို အမြတ်တနိုး တန်ဖိုးထားကြသည်။ ဗုဒ္ဓဘာသာတို့၏ ရည်မှန်းချက်ပန်းတိုင် နိဗ္ဗာန်ကို အထူးမြတ်နိုးတန်ဖိုးထား၍ ရောက်လိုကြသည်။ အားလုံးသော ဗုဒ္ဓဘာသာဝင်တို့သည် ”ရောက်ရပါလို၏” ဟူ၍ဆုတောင်းကြသည်။ နိဗ္ဗာန်သည်ကား ဗုဒ္ဓဘာသာတို့၏ ပန်းတိုင် အဆုံးပင်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တိုင်းသည် ထိုပန်းတိုင် အဆုံးကိုသာ ဆုတောင်းသည်။ ယခုအခါ ”သောတာပန်ကို ဆုတောင်းပါ” ဟူ၍ ကြားပေါက်ကြီး အသံထွက်နေသည်မှာ များစွာ အံ့သြဖွယ်ရာကောင်းသည်။ ဗုဒ္ဓဘာသာကို ကိုးလိုးကန့်လန့်စိတ်ကူးစေသကဲ့သို့ လမ်းလွဲကို တိုက်တွန်းဟန်ပေါက်နေသည်။ အမှန်မှာမူ ဆုတောင်းလျှင်မူ နိဗ္ဗာန်ကိုသာ ဆုတော

Tags: , , ,

Facebook မိတ်ဆွေများနှင့် Chitnge.com website စာဖတ်ပရိသတ်များသို့ -

Facebook မိတ်ဆွေများနှင့် Chitnge.com website စာဖတ်ပရိသတ်များသို့ -

 

ဒေါက်တာချစ်ငယ်(ဒဿန) မှ

“ဗုဒ္ဓဘာသာသည် အမှန်သစ္စာကို ဖော်ဆောင်သည်” ခေါင်းစဉ်ဖြင့်

၁၄-၀၁-၂၀၁၂ ခုနှစ် (စနေနေ့) –

 နံနက် (၉း၀၀) နာရီမှ (၁၁း၀၀) နာရီအထိ

I.B.C (International Business Centre)၊ ပြည်လမ်း၊ ရန်ကုန်မြို့တွင်

ဟောပြောမည် ဖြစ်ပါသဖြင့် စိတ်ဝင်စားသည့် မိတ်ဆွေအပေါင်းကို ကြွရောက်နိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

 

လေးစားစွာဖြင့်

Admin (www.chitnge.com)

No tags for this post.

“၀ိပဿနာ လက်တွေ့ကျင့်စဉ် အားထုတ်သောအခါ” ဟောပြောပွဲအခမ်းအနား

Invitation

Dr Chit Nge’s Facebook Friends and Web Site viewers are cordially invited to attend tomorrow Seminar.

Venue : IBC, Pyay Rd
Date : Jan 11, 2012
Time : 0900 to 1200

Facebook Event Link : http://www.facebook.com/events/274084839321537/

Admin

No tags for this post.

ဗုဒ္ဓဘာသာနှင့်Religionဆိုင်ရာ ကောက်ချက်များအကျဉ်းချုပ် – 01

နှင့်Religionဆိုင်ရာ ကောက်ချက်များအကျဉ်းချုပ် -01

Religion ဆိုတဲ့ စကားကို ယခု ဖွင့်ဆိုထားနိုင်တဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်နဲ့တော့ ဗုဒ္ဓဘာသာကို Religion ဆိုတဲ့ အသိုင်းအ၀ိုင်းထဲကို ထည့်သွင်းလို့ မရနိုင်သေးပါဘူး .. ..

ဇွတ်ထည့်သွင်းမယ် ဆိုရင်တော့ ဗုဒ္ဓဘာသာဟာ လွန်စွာနစ်နာဖွယ်ရာ ရှိပါတယ် .. ..

ဘာ့ကြောင့်လည်းဆိုတော့ ဗုဒ္ဓဘာသာရဲ့ သဘောသဘာဝတွေဟာ လွန်စွာမှ ပြည့်စုံနက်နဲ စစ်မှန် လေးနက်နေလို့ ဖြစ်ပါတယ် .. ..

ဒါကြောင့် ဗုဒ္ဓဘာသာကို Religion ထဲမှာ ထည့်သွင်းချင်တယ် ဆိုရင်တော့  Religion ရဲ့ အဓိပ္ပာယ်တွေ ဒီ့ထက် နက်ရှိုင်း ကျယ်ပြန့် စစ်မှန်ဖို့ အထူးလိုအပ်နေပါတယ် .. ..

ယခု အခြေနေမှာတော့ ဗုဒ္ဓဘာသာ နဲ့ Religion ဆိုတာ တစ်ခြားစီ သီးသန့်လို့ ဖြစ်နေပါတယ် .. ..

ဒီထက်ပိုပြီး တစ်ခြား Religion တွေနဲ့ ဗုဒ္ဓဘာသာဟာ ခွဲခြားစရာမလို အတူတူ ဖြစ်ဖို့ဆိုလျှင်တော့ လွန်စွာ မှားယွင်းနေတဲ့ ဖွင့်ဆိုချက် အယူအဆများပဲ ဖြစ်ပါတယ် .. ..

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ် (ဒဿန)

မြန်မာနိုင်ငံ

Tags: ,

ဗုဒ္ဓဘာသာ၏အနှစ်ချုပ်အချက်အလက်များ .. ..

၏အနှစ်ချုပ်အချက်အလက်များ .. ..

 

ဗုဒ္ဓဘာသာ၌ ဤအချက်များပါသည် .. ..

ဗုဒ္ဓဘာသာ နိဗ္ဗာန်သို့ ရည်ညွှန်းပို့ဆောင်သော ဘာသာဖြစ်သည်။

နိဗ္ဗာန်သို့ သွားရန် လမ်းစဉ်ကို အတိအကျညွှန်းသည်။

ရရှိထားသော ရုပ်နာမ်သည် ဆင်းရဲသည်ဟူ၍ ဆင်းရဲခြင်းကို မလိုလားအပ်ကြောင်း​နားလည်ရန် သင်သည်။

ဆင်းရဲခြင်းကို မလိုလားအပ်သောအခါ – ၄င်းကို လက်မခံခြင်းဖြင့် ရှေ့တစ်ဆင့်တက်သည်။

ဆင်းရဲခြင်းကို လက်မခံခြင်းသည်၊ ဆင်းရဲခြင်းကို ငြင်းပယ်ခြင်း ဖြစ်သည်။ ယင်း၏ အဓိပ္ပာယ်မှာ Continue reading

Tags: , , ,

သိပ္ပံက လေးစားရသောဗုဒ္ဓဘာသာ .. ..

သိပ္ပံက လေးစားရသော

သိပ္ပံသည် (Religion) ကို လက်မခံချေ။ သိပ္ပံသည် အသိပညာရှာဖွေသောဘာသာရပ်ဟု သတ်မှတ်ထား သည်။ ထိုအခါ အသိပညာမပေးသော (Religion) မျိုးကို သိပ္ပံက လက်မခံပါဟု ကြွေးကြော်သည်။ (Religion) သည် ကိုယ်ကျင့်တရားကောင်းအောင် ပုံပြင်ဆန်ဆန် ဇာတ်လမ်းလုပ်ထားသော နီတိ များသာ ဖြစ်သည်ဟု သိပ္ပံက ကောက်ချက်ချသည်။ ထို့ကြောင့် ၏နယ်ပယ်ထဲတွင် (Religion) ကို မထည့်သွင်းပါ။

ဗုဒ္ဓဘာသာမှာမူ အသိပညာပေးသည်၊ လက်တွေ့ကျင့်ကြံအားထုတ်မှုများရှိသည်၊ ပဋိပတ္တိဆိုသော စကား သည် အထင်အရှားဖြစ်သည်။ ထို့ကြောင့် လက်တွေ့ကျင့်ကြံအားထုတ်သော ပဋိပတ္တိနှင့် ယှဉ်သော ဗုဒ္ဓဘာသာအား သိပ္ပံသည် မပယ်နိုင်ချေ။ Continue reading

Tags: , , ,

ဗုဒ္ဓဘာသာနှင့်အခြားဘာသာများမတူကြပါ

နှင့်အခြားဘာသာများမတူကြပါ

ဗုဒ္ဓဘာသာနှင့်အခြားဘာသာများမတူကြပါ .. .. မတူသည်ကို မတူသည်ဟု ပြောခြင်းသည် အပြစ်မဟုတ်ပါ။ မတူသဖြင့်လည်း အခြားဘာသာများကို ရန်လုပ်နေစရာ မလိုပါ၊ ရန်လုပ်ခြင်းလည်း မဟုတ်ပါ၊ မှန်ကန်သောစကားကို ဖွင့်ဆိုခြင်းသာ ဖြစ်ပါသည်။

မတူသည်ကိုတော့ မတူသည်ဟု ပြောရဲရမည် .. .. သို့မှသာ ဗုဒ္ဓဘာသာသွေးရှိမည်။ သို့မဟုတ်ပါက အုတ်ရောရော ကျောက်ရောရောနှင့် ဗုဒ္ဓဘာသာမစစ်မမှန်သလို ဖြစ်နေမည်။ စာရေးသူသည် (Religion) ဆိုသော စကားကို လေ့လာကြည့်သည် – ထိုအခါ ဗုဒ္ဓဘာသာ၏ အနှစ်သာရ အဓိပ္ပာယ်များ ပါသည်ကို မတွေ့ရချေ -

ဥပမာ — ဗုဒ္ဓဘာသာ၏ ရည်မှန်းချက် ပန်းတိုင်သည် ဖြစ်၍၊ ၌ တဏှာကုန်ခြင်း၊ ရုပ်နမ်ချုပ်ခြင်း ရှိသည်။ (Religion) ထဲတွင် တဏှာကုန်ရန်၊ ရုပ်နာမ်ချုပ်ရန်ဟူ၍ လုံးဝမရှိချေ။ အလွန်ဆုံး အုတ်ဖို အယူအဆဆန်ဆန် “ရုပ်ထူး နာမ်ထူးမျိုး” ဖြစ်ချင် ဖြစ်မည်။

ထို့ကြောင့် (Religion)နှင့် ဗုဒ္ဓဘာသာသည် တစ်ခြားစီ ဖြစ်နေရာ၊ အခြားဘာသာများနှင့် အခြား Religion များနှင့် ဗုဒ္ဓဘာသာသည် ပို၍ပင် တစ်ခြားစီ ဖြစ်နေသည်။ ဗုဒ္ဓဘာသာ၏ Continue reading

Tags: , ,

ဗုဒ္ဓဘာသာဆိုသည်မှာ .. ..

ဗုဒ္ဓဘာသာဆိုသည်မှာ .. ..

အများသူငှာသည် ဗုဒ္ဓဘာသာကို အပေါ်ယံအားဖြင့် သုံးသပ်ကြည့်ရှုနေကြသည်။

ဗုဒ္ဓဘာသာသည် အခြားဘာသာများနှင့် နှိုင်းယှဉ်ခြင်းဟာမအပ်ပေ။ ဗုဒ္ဓဘာသာကို မကျင့်ဘဲနှင့် ဗုဒ္ဓဘာသာအကြောင်း ပြောနေခြင်းသည် ရှက်ဖွယ်ရာ ကောင်းသည်။ ၏ ရည်မှန်းချက် ပန်းတိုင်သည် ဖြစ်သည်။ အခြား ဘယ်ဘာသာများ၏ ရည်မှန်းချက် ပန်းတိုင်နှင့်မှ မတူချေ။ သိပ္ပံပညာ၏ ရည်မှန်းချက်ပန်းတိုင်နှင့် နှိုင်းယှဉ်ရန်မှာမူ သိပ္ပံပညာ၌ စောစောပိုင်းက ရည်မှန်းချက် ပန်းတိုင် မရှိချေ။

ထို့ကြောင့် ဗုဒ္ဓဘာသာကို ကမ္ဘာသို့ ပြောပြလိုလျှင် ဗုဒ္ဓဘာသာအကျင့် ကျင့်ဖို့လိုပေလိမ့်မည်။ အကျင့် မရှိဘဲ ပြောနေလျှင် လုံးဝရှက်ဖွယ်ရာ ကျသည်။ အကျင့်ကျင့်သော ပုဂ္ဂိုလ်များက Continue reading

Tags: , ,

ဗုဒ္ဓဘာသာ၏အနှစ်သာရ

၏အနှစ်သာရ

 

ဗုဒ္ဓဘာသာ၏ အနှစ်သာရသည် လောကုတ္တရာဖြစ်သည် .. ..

ရောက်ကြောင်းတရား ဖြစ်သည်၊ နိဗ္ဗာန်သို့လမ်းညွှန်သည်၊ နိဗ္ဗာန်သည်သာ အကောင်းတကာ့ အကောင်းဆုံး အမြတ်တကာ့ အမြတ်ဆုံး၊ ချမ်းသာတကာ့ ချမ်းသာဆုံးနှင့် ဒုက္ခမှ ကျွတ်ရာ၊ ၀ဋ်မှ ကျွတ်ရာ၊ တဏှာမှ ကျွတ်ရာ ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာသည် အမှန်ကို ဖော်ဆောင်သည်။ ဗုဒ္ဓဘာသာအကြောင်း ပြောလိုလျှင် အမှန်ကို ပြောနိုင်ရမည်။ အမှန်ကို ပြောနိုင်အောင်လည်း လက်တွေ့ကျင့်ကြံ အားထုတ်မှု ရှိရမည်။ ဗုဒ္ဓဘာသာသည် လူမှုရေးသက်သက် မဟုတ်ချေ .. ..  ဗုဒ္ဓဘာသာသည် သစ္စာရရာရကြောင်း နည်းလမ်းကို ပေးအပ်သောဘာသာ ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာသည် Continue reading

Tags: , ,

သိပ္ပံပညာရပ်မှာ ရည်မှန်းချက် ပန်းတိုင် မရှိခဲ့ဖူးဘူး .. ..

စောစောပိုင်းက သိပ္ပံပညာရပ်မှာ ရည်မှန်းချက် ပန်းတိုင် နိဂုံးအဆုံးမရှိခဲ့ဖူးဘူး .. ..

သိပ္ပံပညာရပ်သည် လူမှုဆက်ဆံရေး နယ်ပယ်၌ ကြီးစွာသော အထောက်အပံ့ကို ပြုခဲ့သည်။ ထို့ကြောင့် သိပ္ပံပညာရပ်၏ သြဇာလွှမ်းမိုးမှုသည် တစ်ကမ္ဘာလုံးအပေါ် ပြန့်နှံ့နေသည်။ သို့သော် အံ့သြဖွယ်ရာ ကောင်းသည်မှာ သိပ္ပံပညာရပ်၌ ရည်မှန်းချက် ပန်းတိုင် အဆုံးနိဂုံး ဟူ၍ တစ်ချိန်က မရှိခဲ့ချေ။

ဤအကြောင်းကို မက်(စ)ဘွန်း (Max Born – Noble Prize winner) က အောက်ပါအတိုင်း ပြောခဲ့သည် Continue reading

Tags: , ,

ဗုဒ္ဓဘာသာအကြောင်း အမှန်အကန်သိရန် ကြိုးစားသင့်သည် .. ..

ဗုဒ္ဓဘာသာအကြောင်း အမှန်အကန်သိရန် ကြိုးစားသင့်သည် .. ..

ဗုဒ္ဓဘာသာသည် အမှန်သစ္စာကို ရှာဖွေသော ဘာသာဖြစ်သည်။ ရှာဖွေ၍ တွေ့ရှိသောအခါ ဟုတ်မှန်စွာ ကြွေးကြော်လေ့ရှိသည်။ ၏ ပန်းတိုင်သည် ဖြစ်သည်၊ ဗုဒ္ဓဘာသာ၏ ရည်ရွယ်ချက်သည် ကိလေသာ ကုန်ဆုံးရန်ဖြစ်သည်၊ ထို့နောက် ရုပ်နာမ်ချုပ်ရာ ဖြစ်သည်၊ ဤအယူအဆများကို ဗုဒ္ဓဘာသာမှအပ အခြားဘယ်မှာမှ မတွေ့နိုင်ချေ .. .. အခြားအယူအဆ၊ အခြားဘာသာများကို အပြစ်တင် ချိုးနှိမ်စရာ မလိုချေ။ သို့သော် ကိုယ့်ဘာသာ၏ စစ်မှန်သော ဂုဏ်ရည်ကိုတော့ စစ်မှန်စွာ ဖော်ကျုးရပေလိမ့်မည်။

သိပ္ပံသည် မနေ့တနေ့က ဗုဒ္ဓဘာသာနောက်ကို လိုက်သလိုလို လုပ်သည်။ အဘယ့်ကြောင့်ဆိုသော လူ့အသိပညာ၏ အထွတ်အထိပ်ကို ရှာဖွေချင်သည်ဟု ဆိုလာသည် – “The Highest Triumph of Human Knowledge” ကို ရှာဖွေရမည်ဟု ရည်ရွယ်လာသည်။ ထိုအခါ ဗုဒ္ဓဘာသာဖြစ်ဖို့ပဲ Continue reading

Tags: , ,

ဗုဒ္ဓဘာသာ၏သဘောသဘာဝ

၏သဘောသဘာဝ

တစ်ချို့က ဗုဒ္ဓဘာသာ၏သဘောသဘာဝကို မသိဘဲ ဗုဒ္ဓဘာသာကို မိမိကိုယ်ကို ကိုယ်စားပြုတဲ့ အနေနဲ့ ကမ္ဘာကို ဆက်ဆံနေကြတယ်။ ဒါက အခြေခံအားဖြင့် လွဲမှားနေတဲ့ သဘောပဲ .. ..

ဗုဒ္ဓဘာသာဟာ ရုပ်နာမ်ချုပ်ရာကို ရည်ညွှန်းတယ်၊ ကိလေသာ ကုန်ခန်းရာကို ရည်ညွှန်းတယ်၊ တစ်ခြား ဘယ်မှာမှ ကိလေသာ ချုပ်ငြိမ်းမှု နည်းပညာကို မတင်ပြနိုင်ဘူး၊ ဗုဒ္ဓဘာသာကပဲ နည်းပညာနဲ့ တင်ပြထားတယ်။ ဗုဒ္ဓဘာသာသာလျှင် သီးခြားဘာသာ ဖြစ်တယ်၊ တစ်ခြားဘာသာတွေနဲ့ ညှိနှိုင်းလို့ မရနိုင်ဘူး -

ဥပမာ—- ဆိုပါစို့ တစ်ခြား ဘယ်ဘာသာရဲ့ နိဗ္ဗာန်နဲ့မှ မတူဘူး။ တစ်ခြားဘာသာတွေရဲ့ အခြေအနေတွေကို Continue reading

Tags: , ,

ဗုဒ္ဓဘာသာနှင့်ဗုဒ္ဓသာသနာ

နှင့်ဗုဒ္ဓသာသနာ

ဗုဒ္ဓဘာသာသည်ထူးခြားလှလေသည်။ အများသူငှာကဲ့သို့ Religion ဟုခေါ်ဆိုခြင်းငှာ မအပ်ပေ။ ထို့ကြောင့် အခြားသော religion ဖြစ်သော ဘာသာများနှင့် ဆက်ဆံကူးလူး ဆွေးနွေးရန် အကြောင်းမရှိ ချေ။

ဗုဒ္ဓဘာသာ သူတော်စင်တစ်ဦးနှင့် အခြားဘာသာဝင်တစ်ဦးတို့ ခင်မင်နိုင်ကြသည်။ လောကီကိစ္စ ဆက်ဆံနိုင်ကြသည်။ သို့သော် လောကုတ္တရာရေးရာ၌မူ ဆွေးနွေးခြင်းဟာ မအပ်ပေ။ အဘယ့်ကြောင့် ဆိုသော် ဗုဒ္ဓဘာသာ၏နိဗ္ဗာန်သည် အခြား ဘယ်ဘာသာမှာမှ မရှိသော ဖြစ်သည်။ ဗုဒ္ဓဘာသာ၏ နိဗ္ဗာန်သည် ကိလေသာကုန်ရာဖြစ်သည်။ ဗုဒ္ဓဘာသာ၏နိဗ္ဗာန်သည် စစ်မှန်သော လွတ်မြောက်ခြင်း၏ တည်ရာဖြစ်သည်။ ဗုဒ္ဓဘာသာ၏နိဗ္ဗာန်သည် ရုပ်နာမ်ချုပ်ဆုံးအပ်သောသဘော ရှိသည်။ ထိုအခါ မည်သည့်ဘာသာနှင့်မှ နှိုင်းယှဉ်ခြင်းငှာ မအပ်ချေ။ နှိုင်းယှဉ်မိကြလျှင် မှားယွင်းမိကြပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ဗုဒ္ဓဘာသာသည် Continue reading

Tags: , ,